website : myanmarshrimpassociation.com
  Home   About MSA   Shrimp and Prawn In Myanmar   Doing Business   Information   News   Contact Us  
01 02 03 04 05
011 022 033 044 055
     

Prawn Culture Mono- sex

DR. Amir Sagi, Professor of Ben-Gurim University Isreal နဲ့ စီးပွားရေးလုပ်ငန်းရှင် Mr. Haim Aviozတို့ဟာ ၁၉.၃.၁၂ရက်နေ့မှာ ရေချိုပုစွန်ထုတ်ကြီးအထီးသီးသန့်မွေးမြူရေးနည်းပညာ ဆွေးနွေး ပညာပေးဖို့အတွက် အစ္စရေးနိုင်ငံကနေ ရန်ကုန်မြို့ကိုရောက်ရှိခဲ့ပါတယ်။ ၂၀.၃.၁၂ ရက်နေ့နံနက်ပိုင်းမှာတော့ မြန်မာနိုင်ငံငါးလုပ် ငန်းအဖွဲ့ချုပ်ဧည့်ခန်းမမှာ ငါးလုပ်ငန်းအဖွဲ့ချုပ်အမှုဆောင်များ မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်များအသင်းရဲ့အမှု ဆောင်များ၊ မြန်မာနိုင်ငံဆိုင်ရာအစ္စရေးသံအမတ်ကြီးနဲ့ Dr.Amir Sagi တို့အဖွဲ့ဟာတွေ့ဆုံခဲ့ကြပါတယ်။ တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ ရေလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရေးဆိုင် ရာကိစ္စရပ်များကိုရင်းနှီးပွင့်လင်းစွာဆွေးနွေး ခဲ့ပါတယ်။

မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်အမှုဆောင်များ၊မြန်မာနိုင်ငံပုစွန်လုပ်ငန်းရှင်များအသင်းအမှုဆောင်များ၊အစ္စရေးသံအမတ်ကြီးနဲ့ Dr. Amir Sagi တို့အဖွဲ့တွေ့ဆုံစဉ်
အဲ့ဒီနေ့နေ့လည်ပိုင်းမှာတော့ Dr. Amir Sagi က ရေချိုပုစွန်ထုတ်ကြီးအထီးသီးသန့်မွေးမြူထုတ်လုပ်မှုဆိုင်ရာသားဖေါက်လုပ်ငန်းနဲ့အသားတိုးမွေးမြူခြင်းဆိုင်ရာ နည်းပညာများကို ရုပ်သေ ဆလိုက်များနဲ့ရှင်း လင်းဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲတက်ရောက်လာသူများကလည်းစိတ်ပါလက်ပါဆွေးနွေးခဲ့ကြပါတယ်။ အဲ့ဒီ် နောက် မှာတော့ ရှင် Mr. Haim Aviozက လက်ရှိသူတရုတ်ပြည်မှာလုပ်ကိုင်နေတဲ့ red Tilapia ငါးမွေးမြူရေးအကြောင်း ကို ဆွေးနွေးတင်ပြခဲ့ပါတယ်။

Dr. Amir Sagi တို့အဖွဲ့နည်းပညာပေးဆွေးနွေးနေစဉ်နှင့် တက်ရောက်လာသူများ
 ၂၁.၃.၁၂ရက်နေ့မှာတော့ မြန်မာနိုင်ငံပုစွန်လုပ်ငန်းရှင်များအသင်းဥက္ကဌနဲ့အလုပ်အမှုဆောင်များလိုက်ပါ လျှက်တွံတေးမြို့နယ်မှာရှိတဲ့ PAG ရေချိုပုစွန်ထုတ်ကြီးသားဖေါက်စခန်းနဲ့ အုန်းပင်ချောင်းရွာမှာရှိတဲ့ ဦးစောဝေဇင်လှရဲ့အသားတိုးမွေးမြူရေးကန်တို့ကို Dr. Amir Sagi နဲ့ Mr.Haim Aviozတို့သွားရောက်လေ့လာခဲ့ပါတယ်။ တွံတေးကအပြန်မှာတော့ အင်းစိန်မြို့နယ် မှာရှိတဲ့ ဇာတိမာန် သားဖေါက်စခန်းကို ဝင်ရောက်လေ့လာခဲ့ပါတယ်။  ခရီးစဉ်အတွင်း ရေချိုပုစွန်ထုတ်ကြီး မွေးမြူရေး ဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါတယ်။

   
   

လေ့လာရေးခရီးစဉ်မှတ်တမ်း
၂၂.၃.၁၂ ရက်နေ့မှာတော့ Dr. Amir Sagi  နဲ့ Mr.Haim Avioz တို့က ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာန မှာ ဆရာ၊ဆရာမများကို ရေချိုပုစွန်ထုတ်ကြီး အထီး သီးသန့်မွေးမြူခြင်းဆိုင်ရာ ဆွေးနွေးပွဲ နည်း ပညာပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီနေ့နေ့လည်ပိုင်းမှာတော့ မြန်မာနိုင်ငံပုစွန်လုပ်ငန်းရှင်များ အသင်းရုံးခန်းမှာ ဥက္ကဌ၊ ဒု-ဥက္ကဌ၊အလုပ်အမှုဆောင်များနဲ့ အတူမြန်မာနိုင်ငံမှာ ရေချိုပုစွန်ထုတ်ကြီး အထီးသီးသန့်မွေးမြူ ထုတ်လုပ်နိုင်ဖို့အတွက်အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး၊ ညနေ ပိုင်းမှာDr. Amir Sagi နဲ့Mr.Haim Aviozတို့ရန်ကုန်မြို့ကနေ ပြန်လည်ထွက်ခွာသွားပါတယ်။

ရေချိုပုစွန်ထုတ်ကြီးအထီးသီးသန့်မွေးမြူခြင်းဟာ Dr. Amir Sagi အဆိုအရတော့အိန္ဒိယနိုင်ငံမှာတော့တစ်မီတာပန်လည်မှာ၎ကောင်နှုန်းထည့်မွေးတဲ့နေရာမှာ သူတို့ပြုပြင်ပြီး ထုတ်လုပ်ထားတဲ့ သီးသန့် အထီးများကိုတစ်မီတာပတ်လည်မှာ၂ကောင်နှုန်းဘဲထည့်သွင်းမွေးတာ၊၄ကောင်နှုန်းထက်ကုန်တက်၂ဆရကြောင်းပြောသွားပါတယ်။

မြန်မာနိုင်ငံပုစွန်လုပ်ငန်းရှင်များအသင်း၏ ရခိုင်ပြည်နယ်ခရီးစဉ်

 

မြန်မာနိုင်ငံ ပုစွန်လုပ်ငန်းရှင်းများ အသင်းရဲ့မှ ဥက္ကဌ ဦးစိုးထွန်း၊ ဒု- ဥက္ကဌ ဒေါက်တာ ကျော်ထွန်းမြင့် အဖွဲ့ဝင် ဦးမောင်မောင်နိုင် တို့လိုက်ပါပြီး၊ ၁၅.၀၃.၁၂ ရက်နေ့မှာ ရန်ကုန်မြို့က ထွက်ခွာပြီး အဲဒ်ီနေ့ဒေသ စံတော်ချိန် ၁၃း၅၀ နာရ်ီမှာ ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမြို့ကိုရောက်ရှိခဲ့ပါတယ်။ စစ်တွေလေဆိပ်မှာ ရခိုင်ပြည်နယ် ပုစွန်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးအောင်နိုင်ဝင်းနှင့်အတူ ပြည်နယ်အသင်းမှတာဝန် ရှိသူများ၊ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှုး နဲ့အဖွဲ့ဝင်များက ကြိုဆိုခဲ့ကြပါတယ်။ အဲ့ဒီနေ့ ၁၅း၀၀နာရီမှာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးကို သွားရောက်ပြီး၊  ရခိုင်ပြည်နယ် မွေးမြူရေး နဲ့စိုက်
ပျိုးရေးဝန်ကြီးဌာန ဝန်ကြီးဦးကျော်သိန်းကို ဂါရဝပြု တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ် မွေးမြူရေးနှင့်စိုပျိုးရေးဝန်ကြီးအားဂါရဝပြု တွေ့ဆုံစဉ်။

ဝန်ကြီးနဲ့တွေ့ဆုံစဉ်မှာ မြန်မာနိုင်ငံပုစွန်လုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးစိုးထွန်းက ယခုခရီးစဉ်နဲ့ပတ်သက် တဲ့ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပါတယ်။ ဒု-ဥက္ကဌ ဒေါက်တာကျော်ထွန်းမြင့်က ရခိုင်ပြည် နယ်သည် ပုစွန်မွေးမြူရေး လုပ်ငန်းအတွက် ကောင်းမွန်တဲ့ သယံဇာတများ ပေါများတဲ့ဒေသဖြစ်ကြောင်းနဲ့ ယခုပြည်နယ်အတွင်း မွေးမြူလျှက်ရှိတဲ့ ရေငန်ပုစွန်ကျားဟာ ကမ္ဘာနိုင်ငံများတွင် လည်း ရောဂါကျ
ရောက်မှုကြောင့် ဆုံးရှုံးမှုမှာ အလွန်များပြားကြောင်းနဲ့ဒေသတွင်းနိုင်ငံများဖြစ်တဲ့ ဗီယက်နမ်၊ တရုတ်နဲ့အင်ဒိုနီးရှားတို့မှာ ၂၀၁၀ခုနှစ်အတွင်း ရောဂါကျရောက်မှုကြောင့် US$ သန်းနှင့်ချီ၍ ဆုံးရှုံးခဲ့ပါကြောင်း၊ ရခိုင်ပြည် နယ်တွင်လည်း ဤရောဂါသည် ၂၀၀၄ ခုနှစ်နောက်ပိုင်းတွင် ကျရောက်ခဲ့ပြီး၊ ဒေသအတွင်း မွေးမြူသူများ၏ ပြောကြားချက်အရ ရောဂါကျရောက်မှုကြောင့် ပုစွန်အထွက်နှုန်းလည်း ကျဆင်းလျှက်ရှိ
သည်ကို သိရပါကြောင်း၊ မိမိတို့ ယခု ဤပြည်နယ်သို့လာရောက်သည် အဓိက အကြောင်းမှာ ပုစွန်မွေးမြူသူများ အတွက် လက်ရှိကြုံတွေ့နေရသော အခက်အခဲများကို လက်တွေ့မျက်မြင် သိရှိနိုင်ရန်
နှင့်ဤဒေသအတွင်း ကမ္ဘာ့နိုင်ငံ အသီးသီး၌ မွေးမြူ ထုတ်လုတ်လျှက်ရှိပြီး ဈေးကွက်လည်း ကောင်းမွန်သော ရေငန်ပုစွန်ဖြူ (P.vannamei) ကို ပြောင်းလဲ မွေးမြူနိုင်ရန် သရုပ်ပြ မွေးကန်ဖေါ်ဆောင်ရန်
အတွက် ဖြစ်ကြောင်း၊ ဝန်ကြီးအား တင်ပြ ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနရဲ့ ရေငန်ပုစွန်ကျားသားဖေါက်စခန်း (ရေချမ်းပြင်) ကိုသွားရောက်ခဲ့ပါတယ်။ သားဖေါက်စခန်း တာဝန်ခံဦးစီး အရာရှိ ဒေါ်သန်းသန်းအေး ကသားဖေါက်စခန်းရဲ့ လက်ရှိလုပ်ငန်း အခြေအနေနဲ့လုပ်ငန်းမှာကြုံတွေ့နေတဲ့ အခက်အခဲများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ ဥက္ကဌဦးစိုးထွန်း နဲ့ဒု-ဥက္ကဌ
ဒေါက်တာ ကျော်ထွန်းမြင့်တို့က သားဖေါက်လုပ်ငန်း အတွက်ပြုပြင်ဆောင်ရွက်သင့်တဲ့အချက်များက ပြောကြားခဲ့ပါတယ်။

စစ်တွေမြို့ ရေချမ်းပြင် သားဖေါက်စခန်းအတွင်းလေ့လာကြည့်ရှုစဉ်။

၁၆.၀၃.၁၂ ရက်နံနက်ပိုင်းမှာ ရခိုင်ပြည်နယ် ပုစွန်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဌ ဦးအောင်နိုင်ဝင်း၊ ဒု-ဥက္ကဌ ဦးတင်ရွှေ၊ အတွင်းရေးမှုး ဦးစံကျော်လှ၊ ဦးဦးတင်မောင်၊ ငါးလုပ်ငန်းဦးစီးဌာနစစ်တွေခရိုင်ဦးစီးမှုး
တို့ နှင့်အတူ၊ ပုဏ္ဏားကျွန်းမြို့နယ် မင်းချောင်းတံတား အနီးမှာရှိတဲ့ ဦးမျိုးအောင်ရဲ့ ပုစွန်မွေးမြူရေးကန်ကို သွားရောက်ခဲ့ပါတယ်။

ဦးမျိုးအောင်စခန်းအားလေ့လာကြည့်ရှုစဉ်။

ဦးမျိုးအောင်စခန်းမှာ ရေငန်ပုစွန်ဖြူ သရုပ်ပြ မွေးမြူရေးကန် အတွက်ရခိုင်ပြည်နယ်အသင်း ဥက္ကဌ နဲ့အလုပ် အမှုဆောင်များနဲ့အတူ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် ပုဏ္ဏားကျွန်းမြို့နယ် အ တွင်းမှာရှိတဲ့ ကွမ်းတောင်ရွာကို ဆက်လက်ထွက်ခွာခဲ့ပါတယ်။ ကွမ်းတောင်ရွာမှာ လက်ရှိပုစွန်မွေးမြူသူများနဲ့တွေ့ဆုံပြီး ပုစွန်မွေးမြူရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့အခြေအနေများကို မြန်မာနိုင်ငံ ပုစွန်လုပ်ငန်း ရှင်များ အသင်းဥက္ကဌ နဲ့ဒု-ဥက္က္က္ကဌတို့ က အသင်းရဲ့ ရခိုင်ပြည်နယ်ကိုလာရောက်တဲ့ခရီးစဉ်၏ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားခဲ့ပါတယ်။

ကွမ်းတောင်ရွာ၌တွေ့ဆုံဆွေးနွေးစဉ်

ပုစွန်မွေးတောင်သူ ဦးကျော်သောင်းမှပြန်လည်ဆွေးနွေးရာတွင် နှစ်စဉ် သဘာဝသားပေါက်များကို သဘာဝကိုအခြေခံသော ကန်ကျယ်မွေးစနစ်ဖြင့် မွေးမြူခဲ့ရာ လွန်ခဲ့သောအနှစ်(၂၀)ကာလစတင်မွေးမြူစဉ်က တစ်ဧကလျှင် ပိသာ၂၀ခန့်ရရှိရာမှ ယခုလက်ရှိအချိန်တွင် ၅ပိသာပျမ်းမျှရရှိရန်ပင် အလွန်ခက်ခဲလာကြောင်း၊ သဘာဝမှ သားပေါက်တက်မှုသည်လည်း နှစ်စဉ် ကျဆင်း လျှက်ရှိပါကြောင်း၊ သားဖေါက်စခန်းမှ
ဝယ်ယူထည့်သွင်းသောသားပေါက်များသည် လည်းပြီးခဲ့သောရာသီက ကန်အတွင်းထည့်ပြီး ၁လခန့်အကြာတွင် သေဆုံးကြောင်း၊သေဆုံးသောအကောင်များ၏ အမှီးဖျားတွင်အဖုငယ်များတွေ့ရကြောင်း၊ ဦးကျော်သောင်းမှ ဆက်လက် ဆွေးနွေးရာတွင် မိမိတို့တွင် နည်းပညာနှင့် ပတ်သက်၍အားနည်းပါကြောင်း၊ မိမိ ဖတ်ခဲ့ဖူးသော စာရေးဆရာကျော်ဝင်း ရေးသားသော စာအုပ်တွင် မဲခေါင်ဒေသတွင် ပုစွန်
မွေးမြူရေး အလွန် အောင်မြင်လျှက် ရှိသည် ကိုသိရပါကြောင်း၊ မိမိတို့လည်း နည်းပညာနှင့် လိုအပ်သည့် ပံ့ပိုးမှုများရရှိပါက ၄င်းတို့ကဲ့သို့ပင် ထုတ်လုပ်နိုင်မည် ဟုယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ ပုစွန်
လုပ်ငန်းရှင်များ အသင်းဒု-ဥက္က္က္ကဌက မိမိတို့လာရင်း ရည်ရွယ်ချက်မှာ ဤဒေသတွင် မွေးမြူလျှက်ရှိသော ပုစွန်ကျားသည် တစ်ကမ္ဘာလုံးတွင် ရောဂါကျရောက်မှုကြောင့် ဆုံးရှုံးမှုသည် အလွန် များပါကြောင်း၊ ရခိုင်ပြည်နယ်တွင် လည်းရောဂါပြသနာရှိသည် ကိုမိမိတို့လေ့လာသိရှိရပါ ကြောင်း၊ ဤပုစွန်ကျားကိုသာဆက်လက်မွေးမြူသွားမည်ဆိုပါက ဆုံးရှုံးမှုများသာ ဆက်လက်ကြုံတွေ့နေရမှာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကမ္ဘာနိုင်ငံ အသီးသီးတွင် တွင်ကျယ်စွာမွေးမြူလျှက်ရှိသော ရေငန်ပုစွန်ဖြူကို အစားထိုးမွေးမြူ ရန်အတွက်အကြံပြူလိုကြောင်း၊ စိတ်ဝင်းစားပါက မိမိတို့အသင်းအနေဖြင့်နည်းပညာ၊ ရရှိရေး၊ အစာရရှိရေး တို့ကို ကူညီဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း၊ ပုစွန်ဖြူမွေးမြူရေးအတွက် သရုပ်ပြမွေးမြူသည့် ကန်ကိုလည်းမိမိတို့ အသင်းမှအကောင်အထည်ဖေါ် ဆောင်ရွက် သားပေါက်သွားမည်ဖြစ်ပါ
ကြောင်း ကိုဆွေးနွေးပါသည်။ ဒေသခံရွာသားများကလည်း မိမိတို့စိတ်ဝင်စားပါကြောင်း ပြန်လည်ဆွေးနွေးပါသည်။ ရခိုင်ပြည်နယ်အသင်းဥက္ကဌနှင့်အတွင်ရေးမှုးတို့မှလည်း ပုစွန်မွေးခြင်းသည် ဤဒေသ၏ အဓိကလုပ်ငန်းဖြစ်သည့် အတွက် မိမိတို့ပြည်နယ်အသင်းအနေနှင့်လည်း ဤလုပ်ငန်း ကိုပြန်လည်ဦးမော့်လာစေရန် လိုလားပါကြောင်း ဖြည့်စွက်ဆွေးနွေးသွားပါသည်။

၁၇.၀၃.၁၂ ရက်နေ့ ၁၂း၃၀နာရီတွင် ရခိုင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ စစ်တွေခရိုင်ဦးစီးမှုးရုံး၌ စစ်တွေခရိုင်အတွင်းရှိ ပုစွန်မွေးမြူသူများနှင့် ထပ်မံတွေ့ဆုံကာ  ရေငန်ပုစွန်ကျားနေရာတွင် ရောဂါကင်းစင်သော
 ရေငန်ပုစွန်ဖြူ အစားထိုးမွေးမြူရေးအတွက်၊ ရုပ်သေဆလိုက်များဖြင့် ရှင်းလင်းဆွေးနွေးရာ၊ တက်ရောက်လာသူများကလည်း ပြန်လည်ဆွေးနွေးကြပါသည်။ ရခိုင်ပြည်နယ်အသင်းမှ ဦးစံကျော်လှမှ ဆွေးနွေးရာ တွင် မိမိတို့ပြည်နယ်တွင် ပုစွန်ဖြူမွေးမြူရန် စိတ်ဝင်စားသူများရှိပါကြောင်း၊ မြန်မာနိုင်ငံပုစွန်လုပ်ငန်းရှင်များအသင်းမှ မည်သို့ပါဝင် ဆောင်ရွက်ပေးနိုင်ပါသလဲဟု မေးမြန်းရာ ဒု-ဥက္ကဌ ဒေါက်တာ ကျော်ထွန်းမြင့် မှပြန်လည်ဖြေကြားရာတွင် စိတ်ဝင်စားသူများရှိပါက မိမိတို့အနေဖြင့်

ဆွေးနွေးပွဲတက်ရောက်လာသူများ

အပြန်အလှန်ဆွေးနွေးကြစဉ်

သားပေါက်နှင့်အစာကို ရရှိရန် အကူအညီပေးသွာမှာ ဖြစ်ပါကြောင်း၊ ယင်းအတွက်ကုန်ကျမှုကို  ရခိုင်ပြည်နယ်အသင်း၏  ထောက်ခံမှုအပေါ် မူတည်၍ မိမိတို့အသင်းမှစိုက်ထုတ်ပေးမည်ဖြစ်ကာ၊ ယင်းကုန်ကျစရိတ်ကို  ကန်ဖေါ်ကုန်ထုန်ပြီးချိန်  တွင်ပြန်လည်ပေးဆပ်ရမည်ဖြစ်ပါကြောင်း၊ ယင်းငွေအပေါ်တွင်မိမိတို့ဘက်မှ  အတိုးယူမည်မဟုတ်ပါကြောင်း ၊မွေးမြူလို သူသည် ပုစွန်ဖြူမွေးမြူရန် သင့်လျော်သော အနေအထားရောက်အောင် ကန်ပြင်ဆင်ခြင်းကို  မိမိစရိတ်ဖြင်ပြင်ဆင်ရမည် ဖြစ်ကြောင်းရှင်းလင်းဖြေကြားခဲ့ပါသည်။ မြန်မာနိုင်ငံပုစွန်လုပ်ငန်းရှင်များ အသင်းအနေဖြင့်ဤခရီးစဉ်အတွက် အစစစီစဉ်ပေးခဲ့သော ရခိုင်ပြည်နယ်ပုစွန်လုပ် ငန်းရှင်များအသင်းကိုအထူးကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

 

ဒေါက်တာဥာဏ်တောနှင့် Shrimp News တို့၏ တွေ့ဆုံမေးမြန်းမှုမှတ်တမ်း
 


 

၂.၃.၁၂ရက်နေ့မှာအမေရိကန်နိုင်ငံလာဗီးဂတ်(စ်)မြို့မှာကျင်းပခဲ့တဲ့ ရေလုပ်ငန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲမှာ Blue Archipelago Berhad ရဲ့ senior technical adviser ဖြစ်တဲ့မြန်နိုင်ငံသား ဒေါက်တာဥာဏ်တောကို Bob Shrimp news ကတွေ့ ဆုံမေးမြန်းခဲ့တဲ့ အင်တာဗျူးကိုဖေါ်ပြလိုက်ပါတယ်။
Blue Archipelago Berhad မလေးရှားနိုင်ငံရဲ့ အနောက်မြောက်ဘက်ဒေသမှာ iSharp/Kerpan နဲ့ မလေးရှားနိုင်ငံရဲ့အရှေ့မြောက်ဘက်ဒေသမှာ iSharp/Setiu ဆိုတဲ့ ရေငန်ပုစွန်ဖြူကိုအကြီးအကျယ်မွေး
မြူ ထုတ်လုပ်နေတဲ့ စခန်းကြီး၂ခုကိုပိုင်ဆိုင်ပြီးမလေးအစိုးရရဲ့ရင်းနှီးမြှုတ်နှံမှုပါ ပါဝင်တဲ့ကုမ္ပဏီတစ်ခုပါ။

Shrimp News: iSharp/Kerpan farm ရဲ့အကြောင်းလေးပြောပြပါ။
Nyan Taw: ဒီစခန်းကစခန်းအဟောင်းပါ။Kedha ပြည်နယ်မလေးရှားရဲ့အနောက်မြောက်ဘက်ဒေသမှာရှိပါတယ်။စခန်းတစ်ခုလုံးဆို ရင်ဧရိယာဟာ ၄၀၀ဟက်တာကျယ်ဝန်းပြီး ကန်တစ်လုံးချင်းစီကတော့ ၀.၈ ဟက်တာကျယ်ပါတယ်။ ၁၉၈၀ခုနှစ်က ပုစွန်ကျား Penause momodonမွေးဖို့အတွက် flow through farm ဒီဇိုင်းနဲ့တည်ဆောက်ခဲ့တာပါ။ အခုအချိန်မှာတော့ P. vannamei ဘဲမွေးပါတယ်။ ဒီစခန်း
မှာဝန်ထမ်း၂၂၅ယောက်ရှိပြီး၊သားဖေါက်စခန်းငယ်တစ်ခုနဲ့အအေးခန်းငယ်တစ်ခုလည်းရှိပါတယ်။ဒါဟာအနှောင်အဖွဲ့ကင်းကင်းနဲ့ ကိုယ်လုပ်ငန်းကိုလုပ်နိုင်ဖို့တကယ်လိုအပ်တဲ့အရာလည်းဖြစ်ပါတယ်။ အခုဆို
ရင်ဒီမှာအစာကုမ္ပဏီလည်းရှိပါတယ်။ ကျွန်တော်တို့ရဲ့ သားဖေါက်စခန်းကမွေးမြူရေးအတွက်သားပေါက်အလုံအလောက်မထုတ်လုပ်နိုင်သေးပါဘူး။အဲဒီလိုဘဲအအေးခန်းကလည်းထွက် သမျှကုန်ချိန်အားလုံး
ကိုပြုပြင်အေးခဲခြင်းမလုပ်နိုင်သေးပါဘူး။ဒီလုပ်ငန်းတွေကိုပြင်ပကုမ္ပဏီကိုဆက်သွယ်တာဝန်ပေးဖို့အုပ်ချုပ်ရေးအဖွဲ့ကို ကျွန်တော်အကြံပြုထားပါတယ်။ကျွန်တော်တို့ဟာအကောင်းဆုံးအရည်အသွေးရှိတဲသား
ဖေါက်စခန်းနဲ့အအေးခန်းလုပ်ငန်းကို ကျွန်တော်တို့အတွက်ရွေးချယ် ထားပါတယ်။ မျိုးပုစွန်ကိုတော့ မလေးရှား CP၊ စင်ကာပူ Shrimp Improvement Systems (SIS) နဲ့ မလေးရှား Cargill (via the Oceanic Institute in Hawaii, USA) တို့ကနေဝယ်ယူပါတယ်။ ကျွန်တော်တို့သားဖေါက်စခန်းကငယ်တဲ့ အတွက်မလေးရှားရဲ့အနောက်မြောက်ဘက်ဒေသမှာရှိတဲ့ iSharp/Setiu မှာသားဖေါက်စခန်းအကြီးတစ်ခုတည်ဆောက်ဖို့အတွက်စီစဉ် နေပါတယ်။ကျွန်တော်တို့မှာအစာကုမ္ပဏီမရှိပါဘူး၊အဲ့ဒီအတွက်လည်းတည်ဆောက်ဖို့စီစဉ်နေပြီဖြစ်ပါတယ်။ အခုတော့အစာကို CP နဲ့ Gold Coin ကနေတင်သွင်နေရပါတယ်။
Shrimp News: Blue Archipelago ရဲ့အလုပ်ကိုဘယ်လိုဆက်သွယ်ရရှိခဲ့ပါသလဲ။
Nyan Taw: ဒီကုမ္ပဏီရဲ့တောင်းဆိုမှုကြောင့်ကျွန်တော့်ရဲ့ presentation ကိုပေးပြီးတဲ့နောက်မှာသူတို့ကုမ္ပဏီမှာအလုပ်လုပ်ဖို့ ကမ်းလှမ်း လာတဲ့အတွက် လက်ခံလိုက်တာပါ။ ပထမဦးဆုံးကျွန်တော့်ရဲ့အ
ကြံပြုချက်က monodon နေရာမှာ vannamei ကိုအစားထိုးမွေးမြူဖို့ပါဘဲ။ ဘာကြောင့်လဲဆိုရင် vannmei ဟာ specific pathogen free (SPF) ရောဂါကင်းစင်တဲ့ မျိုးဗီဇကိုပြုပြင်ထားတဲ့မျိုးဖြစ်လို့ပါဘဲ။ ကျွန်တော့်အတွက်ဆိုရင်လည်း ပုစွန်မွေးမြူရေးလုပ်ငန်းကိုအကောင်အထည်ဖေါ်ရာမှာ အောင်မြင်မှုအတွက် SPFမျိုး ဟာ အလွန်အရေးကြီးတဲ့ကဏ္ဍကပါဝင်နေပါတယ်။ အုပ်ချုပ်ရေးအမှုဆောင်အဖွဲ့အနေနဲ့
လည်း Vannmie တမျိုးတည်းကိုဘဲဆက်လက်မွေးမြူသွားဖို့ကျွန်တော်နဲ့သဘောတူညီမှုရရှိပြီးဖြစ်ပါတယ်။စခန်းရဲ့မူလပုံစံက flow-through farm ပုံစံ ဖြစ်ပေမဲ့ အခုအခါမှာတော့မွေးကန်အတွင်း ရေသွင်း
ရေထုတ်တဲ့အခါမှာ ရေကိုပြုပြင်တဲ့ကန်Treatment pond များထည့်သွင်းတည် ဆောက်ထားတဲ့ modular system ပုံစံကိုပြောင်းလဲထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ရေငန် ပင်လယ်ရေတင်သွင်းရတဲ့ ပင်ရင်းနေရာဟာ ပင်လယ်ကမ်းခြေကနေ ၂.၄ကီလိုမီတာအကွာမှာတည်ရှိပါတယ်။modue ၉ခုရှိပြီး တစ်ခုစီမှာ ရေလှောင်ကန် ဒါမှမဟုတ် ရေကိုပြုပြင်တဲ့ ရေသန့််စင်ကန်(၄)လုံးစီနဲ့မွေးကန်အလုံး(၂၀)စီပါဝင်ပါတယ်။ မွေးကန်မှရေကိုအနည်ချကန်အတွင်းစီဆင်းစေ ပြီးမှအဲဒီကနေတဆင့် ပင်လယ်ထဲကိုပြန်လည်စွန်ပစ်စေမှာပါ။ သားပေါက်ထည့်သွင်းနှုန်းအနေနဲ့၈၀ - ၁၀၀/စတုရန်းမီတာဖြစ်ပြီး paddlewheel aeration အနေနဲ့ တစ်ဟက်တာမှာမြင်ကောင်ရေ ၂၄ကောင်အားနှုန်အသုံးပြုပါတယ်။ အမေရိကန်နိုင်ငံက Areo2 aerators များဝယ်ယူတင်သွင်းဖို့ စီစဉ် နေပါတယ်။ module ၂ခုကတော့ liner အပြည့်ခင်းထားပြီးပါပြီ၊ဒီဒေသမှာဂဏန်းတွင်းဖေါက်တာ များတဲ့အတွက်ကျန်တဲ့ module တွေမှာ လည်း ကန်ဘောင်တွေမှာ liner ထည့်သွင်းပြီးပါပြီ။ စခန်းတစ်ခုလုံးမှာရှိတဲ့ကန်တွေကို liner အပြည့်ခင်းသွားမှာပါ။ ဒီနှစ်အကုန်မှာတော့အားလုံးပြီးမှာပါ။
Shrimp News: Liner ခင်းခြင်းရဲ့အားသာချက်ကဘာတွေပါလဲ ။
NyanTaw: မွေးမြူခြင်းကိုလျှင်မြန်စွာပြောင်းနိုင်တယ်၊ကန်သန့်ရှင်းရေးကိုအလွယ်တကူလုပ်နိုင်တယ်၊ရောဂါကျရောက်မှုကိုအလွန်နည်းတယ်၊မွေးကန်ရေရဲ့အရည်သွေးတည်ငြိမ်စေတယ် ဘာကြောင့်လဲဆို
တော့ ကန်ရေရဲ့ဓါတုဖြစ်စဉ်ပေါ်မြေကြီးရဲ့ အတျိုးသက်ရောက်မှု မရှိလို့ဘဲ၊ ဒါ့အပြင်ဇီဝလုံခြုံမှုလည်းအလွန်ကောင်းပါတယ်။
Shrimp News: early mortality syndrome, EMS ပတ်သက်တဲ့အတွေ့အကြုံမျာရှိပါသလား ။
Nyan Taw:၂၀၁၁ ခုနှစ်က BLUE Archipelsgo ကိုယ်စား ဗီယက်နမ်နိုင်ငံခရီးစဉ်ကိုသွားခဲ့ပါတယ်။အဲ့ဒီအချိန်ကဗီယက်နမ်မှာEMS ရောဂါကျရောက်နေတာတွေ့ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကျွန်တော်တို့စခန်းမှာရှိတဲ့ အချို့သောကန်များမှာ EMS ရောဂါကျရောက်ခဲ့ ပါတယ်။အဲဒီလိုကျရောက်ခဲ့မှုကြောင့်အဲဒီအကြိမ်မွေးမြူမှုရဲ့၁၀%ဆုံးရှုံးခဲ့ပါတယ်။ဒီရောဂါကကန်ထဲကိုပုစွန်ထည့်သွင်းပြီးမှဖြစ်တာ
ပါ။ဒီရောဂါဘာကြောင့်ဖြစ်တယ်/ဘယ်လို ထိန်းသိမ်း ကာကွယ်ရမယ်ဆိုတာမသိသေးပါဘူး။ ကျွန်တော်တိုကစခန်းမှာတော့ မွေးထာတဲ့ပုစွန် တွေကို ကျန်းမာပျော်ရွှင်ပြီးဖိစီးမှုမရှိအောင်ထားကာ၊ ဇီဝလုံခြုံရေးကအကောင်းဆုံးဖြစ်အောင်လုပ်ပြီး EMS ရောဂါမကျရောက်အောင် ထိမ်းသိန်းပါတယ်၊
Shrimp News: whitespot ရောဂါကျရောက်မှုကြုံတွေ့ခဲ့ရပါသလား။
Nyan Taw: မရှိပါဘူး။ဒီစခန်းကအရင်တုံးက monodon မွေးတာပါ။အဲဒီတုံးကတော့ whitespot ပြသနာရှိခဲ့ဘူးပါတယ်။ vannamei စမွေးတုံးကလည်း ပြသနာအချို့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ modular system နဲ့ ဇီဝလုံခြုံမှုစနစ်(biosecurity measure) ကြောင့် အခုဘာပြသနာမှမရှိပါဘူး။
Shrimp News: ကန်ထဲကိုရေသွင်းပြီးချိန်မှာ ကန်ရေကိုပြုပြင်ဖို့ ဘယ်လိုဓါတုပစ္စည်းကိုသုံးပါသလဲ။
Nyan Taw: မလေးရှားအစိုးရကအတည်ပြုထားတဲ့ Best Aquaculture Pratices guideline များကိုလိုက်နာကျင့်သုံးပါတယ်။ ကျွန်တော်တို့က cursticide ကိုအသုံးပြုပါတယ်။ ဘာလို့လဲဆိုတော့ ဆေးအာနိသင်ကုန်ဆုံးချိန်မှာ ဓါတ်ကြွင်းကျန်မှုမရှိလို့ဖြစ် ပါတယ်။ ဒီဆေးကတဖြေးဖြေးချင်းအာနိသင်ပြဓါတ်ပြုပြီး၊အာနိသင်ကုန်ဆုံးဖို့ ၁၀ရက်ကနေ ၁၄ရက်အထိကြာပါတယ်။အဲဒီနောက်မှာတော့ အာနိသင်ပျက်ပြယ်သွားပါတယ်။ ဒီဆေးကရေပြုပြင်တဲ့ကန်ထဲမှာရှိတဲ့crustacean တွေရဲ့ဥတွေ၊သားပေါက်တွေကိုသေစေပါတယ်။ ကျွန်တော်တို့ရဲ့ကန်တည်ဆောက်ပုံဒီိဇိုင်းမှာကိုက whitespot ရောဂါကန်ထဲဝင်မလာနိုင်အောင်ကာကွယ်ထားပါတယ်။ ကလိုရင်း (chlorine)ကတော့ဓါတ်ပြုမှုလည်းအလွန်မြန်ပါတယ်၊ဒါပေမဲ့ သူ့ရဲ့လျှင်မြန်တဲ့ဓါတ်ပြုမှုကြောင့်crustacean တွေရဲ့ဥတွေအားလုံးကို မသေစေနိုင်ပါဘူး။ တစ်ခါတစ်ရံမှာ ရေကိုသုံးဖို့ အရင်လိုနေတဲ့အခါမှသာကျွန်တော်တို့အနေနဲ့ ကလိုရင်းကိုသုံးပါတယ်။ ပြီးတော့ ကလိုရင်းက ဈေးနှုန်းမှာလည်း ၈ဆပိုပြီးဈေးကြီးပါတယ်။ ဈေးချင်းတူရင်တောင်မှ ကလိုရင်းက ၂၅ ကနေ ၃၀ ppm သုံးရပြီး၊ crusticide ကတော့ ၁ - ၂ ppm သာသုံးရတာပါ။
Shrimp News: တခြားဗိုင်းရပ်(စ်)ပြသနာများကြုံတွေရတာ့ရှိပါသလား။
Nyan Taw: မရှိပါဘူး။
Shrimp News: ကန်ထဲကိုငှက်တွေ မဆင်းနိုင်အောင်စီစဉ်ထားပါသလား။
Nyan Taw: ကျွန်တော်တို့ရဲ့ကန်တွေမှာ ပိုက်နဲ့ဝိုင်ယာကြိုးတန်းရှည်များကို ငှက်များမဆင်းနိုင်အောင်တတ်ဆင်ထားပါတယ်။
Shrimp News: ကဏန်းကာများတတ်ဆင်ထားပါသလား။
Nyan Taw: ၃၀စင်တီမီတာအရှည်ရှိတဲ့ ကဏန်းကာပလတ်စတစ်စများကို မွေးကန်နဲ့ရေပြုပြင်တဲ့ကန်များရဲ့ပတ်လည်မှာ တတ်ဆင် ထားပါတယ်။များသောအားဖြင့် စခန်းတွေမှာ ရေပြုပြင်ကန်ပတ်လည်
မှာကဏန်းကာကိုမတတ်ဆင်ကြပါဘူး။ ဒါဟာလုပ်ငန်း အောင်မြင်ဖို့အတွက်အလွန်အရေးကြီးတဲ့ကိစ္စပါ။ သင့်ရဲ့လုပ်ငန်းမျာကဏန်းကာထားရှိဖို့လိုအပ်ပါတယ် ဘာကြောင့်လဲအချိန်မရွေး ကဏန်းဟာဝင်လာနိုင်လို့ပါဘဲ။
Shrimp News: အစာကိုဘယ်လိုကျွေးပါသလဲ။
Nyan Taw: အရင်တုံးကတော့ လူကိုယ်တိုင်ကျွေးတာပါ။အခုတော့စက်နဲ့ကျွေးပါတယ်။
Shrimp News: အစာဘမ်းကောအသုံးပြုပါသလား။
Nyan Taw: အစာဘမ်းအချို့ကိုတော့ပုစွန်ရဲ့ကျန်းမာရေးနဲ့အစာစားခြင်းကိုသိနိုင်ဖို့အတွက်ထာပါတယ်။ monodon မွေးစဉ်က တော့အစာဘမ်းအများအပြားသုံးခဲ့ပါတယ်။vannamei မွေးတဲ့အခုအခါမှာ
တော့ ကန်ထဲမှာရှိတဲ့ပုစွန်ပမာဏနဲ့ကျွေးရမဲ့အစာအချိုးကိုသိ ရှိဖို့အတွက်ဘဲထားပါတယ်။
Shrimp News: အစာဘမ်းကိုဘာကြောင့် monodon မွေးမြူရေးမှာပိုလိုအပ်တာပါလဲ။
Nyan Taw: monodon ကထည့်သွင်းနှုန်းတစ်စတုရန်းမီတာမျာ ၃၀ - ၃၅ ကောင်နှုန်းဘဲရှိပြီး၊သူတို့ရဲ့လှုပ်ရှားမှုကလည်းနှေးကွေး ပါတယ်။ကန်အောက်ခြေမှာနေထိုင်စားသောက်တဲ သတ္တဝါလည်းဖြစ်ပါတယ်။ မွေးကန်တစ်ကန်မှာ အစာဘမ်း၃-၄ဘမ်းလောက်မထားဘဲ အဲဒီကန်ရဲ့အစာလိုအပ်ချက်ကိုခန့်မှန်းတွက်ချက်လို့မရနိုင်ပါဘူး။ Vannamei ကတော့လျှင်မြန်ဖြတ်လတ်စွာအစာစားတဲ့
သတ္တဝါဖြစ်ပြီး တော့ကန်ရေအလွှာထဲမှာဘဲအစာကိုစားပြီး monodon လောက်အစာဘမ်းပေါ်တက်လေ့မရှိပါဘူး။ပြီးတော့အစာစားနှုန်းကလည်း ပိုများပါတယ်။
Shrimp News: Computerized ဖြစ်အောင်ဘယ်လိုစီမံထားပါသလဲ။
Nyan Taw: လက်ရှိမှာတော့မရှိသေးပါဘူး။ ကျွန်တော်တို့ရဲ့operatorတွေနဲ့supervisor တွေကမွေးကန်နဲ့ပတ်သက်တဲ့အချက် အလက်(pond parameter)များကို ကျွန်တော်တို့ရဲ့ pond management software ထဲကိုထည့်သွင်းပါတယ်။ အပါတ်စဉ် ကန်မှာဖြစ် နေတဲ့ဖြစ်စဉ်အကျဉ်းချုပ်ကိုကျွန်တော်ဆီပို့ပေးပါတယ်။ ရောက်လာတဲ့ Data အပေါ်မူတည်ပြီးတော့ ဘာလုပ်ရမယ်ဆိုတဲ့ပြင်ဆင်
ချက်ကို ပေးပါတယ်။ ကျွန်တော်တို့ရဲ့ကန်တွေမှာ နေ့စဉ် ကန်ရေရဲ့ အပူချိန်(Temperature)၊ ပျော်ဝင်အောက်ဆီဂျင်(oxygen level) နဲ့ အခြား ကန်ရေရဲ့အရည်အသွေးဆိုင်ရာတိုင်းတာမှုများကိုလည်းလုပ်
ပါတယ်။
Shrimp News: bioflocs နဲ့ပတ်သက်ပြီးတော့ဘာများလုပ်ထားပါသလဲ။
Nyan Taw: ကျွန်တော်တို့စခန်းရဲ့Liner အပြည့်ခင်းထာတဲ့ modual ၂ခု (၀.၈ဟက်တာကျယ်တဲ့ မွေးကန်၂၀ မှ ၂၂ ကန်)စခန်းရဲ့ ၁၅% မှာ Postlarvae ၁၃၀ ကိုတစ်စတုရန်းမီတာထည့်သွင်းပြီး semi-biofloc စနစ်နဲ့မွေးထားပါတယ်။ ကျွန်တော်တို့ရဲ့ကန် မန်နေဂျာ အားလုံးကို biofloc အသုံးပြုနည်းသင်တန်းမပေးရသေးပါဘူး။ သင်တန်းပေးပြီးသွားရင်တော့ biofloc စနစ်ကိုတိုးချဲ့လုပ်ကိုင်သွားမှာပါ။ Biofloc ကို ကန်ထဲမှာ high protein pellet ရရှိဖို့အတွက် သကာရည်(molasses) နဲ့ကောက်ပဲသီးနှံနဲ့ပြုလုပ်ထားတဲ့ grain pellet ကို ထည့်ပေးပါတယ်။ Liner အပြည့်ခင်းထားတဲ့ biofloc ကန် ၂ ကန်ကနေကုန်တက် ၂၂မက်ထရစ်တန်/ဟက်တာ/၁ကြိမ်။ semi-bifloc ကန်ကတော့ကုန်တက် ၁၅-၁၇ မက်ထရစ်တန်/ဟက်တာ/၁ကြိမ်။ နှုန်းရရှိခဲ့ပါတယ်။ ကုန်ထွက်ရှိမှုဟာ သားပေါက်ထည့်သွင်နှုန်း အပ်ါလိုက်ပြီးပြောင်းလဲနေတာပါ။ Biofloc စနစ်မဟုတ်ဘဲမွေးတဲ့ကန်မှာ သားပေါက် တစ်စတုရန်းမီတာမှာ ၈၀နှုန်းထည့်သွင်းမွေးမြူ တဲ့ ကန်ကနေကုန်တက် ၁၁တန်/ဟက်တာ/၁ကြိမ် ရရှိခဲ့ပါတယ်။
Shrimp News: တစ်နှစ်ကိုဘယ်နှစ်ကြိမ်မွေးမြူနိုင်ပါသလဲ။
Nyan Taw:  ကျွန်တော်တို့ရဲ့စီမံချက်ကတော့ တစ်နှစ်ကိုနှစ်ကြိမ်ထုတ်လုပ်မှာပါ။ Liner အပြည့်ခင်းထားတဲ့ကန်ဆိုရင်တော့ တစ်နှစ်ကို ၂.၄ကြိမ်နှုန်းရရှိမှာပါ။
Shrimp News: ကျွန်တော်ကြားမိတဲ့ကောလဟာလတစ်ခုက ထိုင်းနိုင်ငံကCP Food ကမျိုးဗီဇတိုးမြှင့်ထားတဲ့မျိုးကိုမွေးမြူတာ ကြီးထွားနှုန်းတစ်ရက်ကို တစ်ဂရမ်ရှိတယ်လို့ပြောပါတယ်၊ ခင်ဗျားမှာကော
အဲဒါမျိုး ရခဲ့ဘူးတာရှိပါသလား။
Nyan Taw: လွန်ခဲ့တဲ့ ၄-၅နှစ်လောက်က အရှေ့တောင်အာရှမှာ မွေးတာ လေပေးမှုနဲ့မှန်ကန်တဲ့ထည့်သွင်းနှုန်းနဲ့ထည့်သွင်းမွေးမြူ တာ၁၈ မှ ၂၀ ဂရမ်အရွယ်ရဖို့ ရက်၁၂၀ မွေးရပါတယ်။အဲဒီsize ဟာအခုကျွန်တော်တို့ရဲ့ target size ဖြစ်ပြီး တူညီတဲ့ထည့်သွင်းနှုန်း မွေးတာ ကျွန်တော်တို့ရက်၁၀၀ မွေးရပါတယ်။ biofloc စနစ်နဲ့ဆိုရင်ရက်၉၀ဘဲမွေးရပါတယ်။ ဒါကြောင့်ကြီထွားနှုန်းအပိုင်းမှာတိုးတက် လာတယ်လို့ပြောရပါမယ်။ဒါပေမဲ့တစ်ရက်တစ်ဂရမ်တော့မဟုတ်ပါဘူး။ 
Shrimp News: CP ကမျိုးဗီဇမြှင့်ထားတဲ့ပုစွန်မျိုးထုတ်လုပ်နိုင်မယ်လို့ထင်ပါသလား။
Nyan Taw:ကျွန်တော်တို့လည်းမျှော်လင့်နေတာပါဘဲ။ ကျွန်တော်တို့ရဲ့မျိုးပြုစုစောင့်ရှောက်မှုအစီစဉ်မှာလည်း မျိုးဗီဇမြှင့်ပြီးကြီးထွားနှုန်း မြန်ဆန်တဲ့ ကျွန် တော်တို့ရဲ့ ကိုယ်ပိုင်မျိုးပုစွန်ကိုထုတ်လုပ်မဲအစီ
အစဉ်ရှိပါတယ်။
Shrimp News: ကုန်စည်ပြပွဲမှာ Larcos Aquaculture ကပြထားတဲ့ Pl ရေတွက်စက်(Pl counting machine) ကိုတွေ့မိပါသလား၊အဲဒီ စက်နဲ့ပတ်သက်တဲ့ခင်ဗျားရဲ့ထင်မြင်ချက်ကိုပြောပြပါလား။
Nyan Taw: ကျွန်တော်တို့အနေနဲ့ဒီစက်ကိုအလွန်စိတ်ဝင်စားပါတယ်။Pl ရေတွက်ခြင်းဟာကျွန်တော်တို့အတွက်အဓိကပြသနာတစ်ခုပါ။ ဒီကနေ့ကျွန်တော်တို့မျိုးပုစွန်ထည့်သွင်းနေတာဟာခန့်မှန်းတွက်
ချက်တဲ့နည်းကိုအသုံးပြုနေတာပါ။ ဒီစနစ်ကတိမ်းစောင်းချွတ်ချော်မှုတွေ များပြီး၊ပြသနာများကိုဖြစ်ပေါ်စေပါတယ်။ အစာအပို/အလိုဖြစ်တာမျိုးပေါ့၊ဒါဟာကုန်ကျစရိတ်ကိုတိုးစေပါတယ်။ ဒါကြောင့်ဒီစက်ကို
စမ်းသုံး သင့်ပါတယ်။ ကျွန်တော်တို့နည်းဗျူဟာကတော့ဒီစက်ရဲ့လုပ်ဆောင်ချက်က ဘယ်လောက်ထိသေချာသလဲဆိုတာကိုစောင့်ကြည့်နေမှာပါ။.
Shrimp News: ပုစွန်ကန်ဖေါ်ခြင်းကိုဘယ်လိုလုပ်ပါသလဲ။
Nyan Taw: monodon မွေးတုံးကတော့ ရေထုတ်တဲ့ဂိတ်ကိုဘဲအသုံးပြုပြီးကန်ဖေါ်ပါတယ်။ အခုအချိန်မှာတော့ကန်ထဲမှာပုစွန်ဖမ်းဖို့ တည်ဆောက်ထားတဲ့ကွန်ကရိကန်ငယ်မှာပုစွန်ကိုစုစေပြီးပန့်ကိုအသုံး
ပြုပြီးထုတ်ယူပါတယ်။
Shrimp News: ခင်ဗျားတို့ရဲ့မလေးရှားနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ iSharp/Setui ကိုသွားဖို့ပြင်ဆင်ထားပါတယ်၊ iSharp/kerpan က ဘယ်နေရာမှာရှိပြီး၊ဘယ်လိုကွာခြားမှုများရှိပါသလဲ။
Nyan Taw: Terengganur ပြည်နယ်မှာပါ ဧရိယာ ၁ ၀၀၀ ဟက်တာရှိပါတယ်။ ၄၀၀ ဟက်တာမှာတော့ ၀.၅ဟက်တာကန်တွေ၊ ရေအနည်ချကန်၊ရေသွင်းမြောင်းနဲ့ ၁၀၀ဟက်တာ ရေလှောင်ကန်တွေတည်ဆောက်ပြီးပါပြီ။ ကျွန်တော်တို့ရဲ့ပထမဆင့်တည်ဆောက်မှု အတွက် ရေသွင်းရေထုတ်စနစ်ကပြီးနေပါပြီ ဒီပထအဆင့်တည်ဆောက်မှုဟာဒီနှစ်မှာပြီးမှာပါဒီပထမအဆင့်မှာမွေးကန်
ဧရိယာ ၂၆၀ဟက်တာပါဝင် ပါတယ်။ဒုတိယအဆင့်တည်ဆောက်မှုပြီးရင်တော့ဟက်တာ၅၀၀လုံးပြီးစီးသွာမှာပါ။ ကျွန်တော့်ကိုဒီစခန်းအကောင် ဖေါ်ဖို့အတွက်အကြီးတန်း နည်းပညာအကြံပေးပုဂ္ဂိုလ်(Senior Technical Advisor)အဖြစ်ငှားရမ်းခဲ့တာပါ။ ဇီဝလုံခြုံရေး (biosecurity) အတွက်modular systemကိုဒီဇိုင်း ကိုအသုံးပြုထားတာပါ။ iSharp/kerpan နဲ့ပုံစံအတူတူပါဘဲ။ အဲဒီမှာရေပြုပြင်ကန်ပါရှိပါတယ်။ ရေလှည့်လည်စနစ်(recirculation system) ထည့်သွင်းထား တဲ့အတွက် ပင်လယ်ဘက်ကိုရေပြန်ပြီးစီးမဝင်နိုင်ပါဘူး။ ရေသွင်းချိန်မှာရေစဝင်လာတာနဲ့ပင်လည်ရေမှော်နဲ့ကမာ (seaweed and oyster) မွေးထားတဲ့အနည်ထိုင်ကန်ကိုရောက်ရှိပြီး အဲဒီကမှတဆင့် ရေပြုပြင်ကန်နဲ့ရေလှောင်ကန်တို့ကိုဖြတ်ပြီးမှမွေး ကန်ကိုရောက်မှာပါ။ ဒီစနစ်ကအခုmodule စနစ်စမှလုပ်တာပါ အရင်ကမရှိပါဘူး။ iSharp/Kerpan စခန်းထက်အလုပ်လုပ်ရတာပိုကောင်းပါ လိမ့်မယ်။biofloc farming ကိုလည်းအလျင်အမြန်အကောင်အထည်ဖေါ်နိုင်မှာပါ။ အရင်ဦးဆုံး စခန်းကလုပ်သားတွေနဲ့စီမံခန့်ခွဲသူတွေကို biofloc သင်တန်းပေးရပါမယ်။ ပထမအဆင့်အကောင်အထည်ဖေါ်မှုပြီးရင်တော့ကန်အားလုံးရဲ့၂၅%ကို iSharp/Kerpan လိုဘဲsemi-biofloc စနစ်နဲ့မွေးနိုင်မှာပါ၊ကန်အနည်းအကျဉ်းတော့ biofloc နည်းပညာနဲ့ကန်ကျပ်မွေးနိုင်ပါလိမ့်မယ်။ ဒုတိယအကြိမ်မွေးတဲ့အခါမှာ biofloc နည်းပညာသင်တန်းပေးပြီးသား ကန်မန်နေဂျာတွေပိုများလာမှာဖြစ်တဲ့အတွက် semi-biofloc စနစ်နဲ့မွေးတဲ့ကန်များ ၄၀%အထိရှိလာမှာပါ။ ရေသွယ်မြောင်းအားလုံး liner အပြည့်ခင်းထားပြီးပါပြီ။ လေးထောင့်ပုံစံကန်တွေကလေပေးစနစ်မှာပိုပြီးအကျိုးသက်ရောက်မှုပြည့်စုံတာတွေ့ ရပါတယ်။ ဒီစခန်းမှာကျွန်တော်တို့Aero2 လေပေးစက်တွေပိုပြီးအသုံးပြုပါလိမ့်မယ်။အထူးသီးသန့်တော့မဟုတ်ပါဘူး။ ရေဒလက် (paddlewheel) ကကန်ရေကိုလှည့်ပေးတဲ့နေရာမှာပိုကောင်းပြီးအညစ်အကြေးတွေကို ကန်အလည်မှာစုဝေးစေဖို့ အ
တွက်ပိုကောင်းလို့ ရေဒလက်ကိုလည်းသုံးရမှာပါ။
Shrimp News: ကန်ထဲမှာစုပုံနေတဲ့ အညစ်အကြေးတွေကိုဘာလုပ်မှာပါလဲ။
Nyan Taw: ကန်အားလုံးက liner ခင်းထားတာဖြစ်တဲ့အတွက် ကန်ထဲမှာစုပုံနေတဲ့အညစ်အကြေးတွေကို အနည်ချကန်ထဲကိုထုတ်ပစ်နိုင် ပါတယ်။ ကျွန်တောတို့မျှော်လင့်ထားတာကတော့ အဲဒီအညစ်အ
ကြေးတွေကို စုစည်းပြီးဘေးထွက်ပစ္စည်းအနေနဲ့ရောင်ချဖို့ပါ။
Shrimp News: ကန်ထဲကအညစ်အကြေးတွေကိုအခြောက်ခံ ပြီးအစာအဖြစ်သုံးမှာပါလား။
Nyan Taw: ဒါဟာကျွန်တော်တို့ရှာဖွေနေတဲ့အကြောင်းအရင်းထဲကတစ်ခုပါဘဲ။ဒါအပြင်သီးနှံစိုက်ပျိုးရေးမှာမြေသြဇာအဖြစ်အသုံးပြုဖို့ပါ။
Shrimp News: ဒီစခန်းမှာတပ်ဆင်ထားတဲ့ပစ္စည်းတွေကအတူတူဘဲလား။
Nyan Taw: မတူပါဘူး။ဒီစခန်းမှာစနစ်အသစ်နဲ့ဂဏန်းကာများကိုတပ်ဆင်ထားပါတယ်။ဒီစခန်းမှာစနစ်သစ်နဲ့ဂဏန်းကာများတပ်ဆင် ထားပါတယ်။ Liner အခင်းများကို ကန်ဘောင်အပေါ်နဲ့ဘေးမှာ ၉၀ံမတ်မတ်ရအောင်ခင်းထားတဲ့အတွက် ဂဏန်းများကန်ထဲကို မဝင်နိုင်အာင်တားဆီးထားပါတယ် ဒီလိုလုပ်တဲ့အတွက်ကုန်ကျစရိတ်မှာနဲနဲတော့ပိုသွားပါတယ်။ရေသွင်းမြောင်းတွေမှာလည်းLiner ခင်းထားပါတယ်။
Shrimp News: အရှေ့ကမ်းခြေဒေသမှာရောဂါကျရောက်မှုအခြေအနေဘယ်လိုရှိပါသလဲ။
Nyan Taw: မနှစ်ကဒီအချိန်မှာအရှေ့ဘက်ကမ်းမှာရှိတဲ့ ပုစွန်မွေးစခန်းများမှာEMS ရောဂါကျရောက်ခဲ့ပါတယ်။ကျွန်တော်တို့၂၀၁၁ အောက်တိုဘာလနှောင်းပိုင်းမှာစပြီးသားပေါက်ထည့်သွင်းခဲ့ပါတယ်။ဒီရာသီ
ရဲ့အဆိုးဝါးဆုံးသားပေါက်ထည့်သွင်းမှုလို့ပြောရမှာပါဘဲ၊ဘာ ကြောင့်လဲဆိုတော့ သည်းထန်စွာရွာသွန်းတဲ့မိုးနဲ့ဆောင်းရာသီတို့နဲ့ရင်ဆိုင်ခဲ့ရလို့ပါ။ စီမံရေးအပိုင်းကမွေးမြူရေးကိုစချင်ခဲ့တာကြောင့် ကန်အချို့
ကိုစမွေးခဲ့တာပါ။ ဒီဒေသမှာနှစ်စဉ် ဒီဇင်ဘာနဲ့ဇန်နဝါရီလများမှာမိုးရွာသွန်းမှုအမြင့်ဆုံးကာလပါ။ ဒါကြောင့်ကန်ရေရဲ့ရူပ-ဓါတုအခြေအနေများဖြစ်တဲ့ အပူချိန်အငန်နှုန်း၊bioflocs၊အယ်ဂျေးတို့ရဲ့သက်ရောက်မှု
ပုစွန်အပေါ်ဖိစီးမှုများစေပါတယ်။အဲဒီကနေတဆင့် ရောဂါသက်ရောက်မှုကိုဖြစ်စေပါတယ်။ ကန်အားလုံးမွေးခဲ့တာမဟုတ်ပါဘူး။စမ်းသပ်မွေးမြူခဲ့တာပါ။ ကန်၄၈လုံး၊module ၂ခုမှာ ထည့်သွင်း နှုန်းအမျိုးမျိုးနဲ့
မွေးခဲ့တာပါ။ ဘာပြသနာမှမတွေ့ခဲ့သလိုဆုံးရှုံးမှုလည်းမရှိခဲ့ပါဘူး။ မိုးရွာသွန်းမှုကြောင့် ကန်ရေရဲ့အငန်နှုန်းဟာ တစ်ပါတ် အတွင်းမှာ ၃၂ ကနေ ၇ ထောင်ခိုင်နှုန်းအထိကျဆင်းခဲ့ပါတယ်။ အရှေ့ဘက်ကမ်းခြေ
ဒေသမှာကျွန်တော်တို့ရဲ့ကိုယ်ပိုင်သားဖေါက်စခန်းမရှိပါ ဘူးဒါပေမဲ့ ကျွန်တော်တို့ကအကောင်းဆုံးအစီအမံတစ်ခုလုပ်ထားပါတယ်။ မျိုးပုစွန်ထိန်းသိမ်းခြင်းအစီအစဉ်လည်းပါဝင်ပါတယ်။

ဒေါက်တာဥာဏ်တော၏ ဖြတ်သန်းလာသောလုပ်ငန်းအတွေ့အကြုံများ

Shrimp News: ပုစွန်မွေးမြူခြင်းလုပ်ငန်းကိုဘယ်လိုစတင်ခဲ့ပါသလဲ။
Nyan Taw: ကျွန်တော်PhD ဘွဲ့ကို Tasmania University Australiaကရပြီးတော့ကျွန်တော်ရဲ့မိခင်နိုင်ငံမြန်မာပြည်ကိုပြန်ခဲ့ပါတယ်။ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊သတ္တဗေဒဌာနမှာ ရေလုပ်ငန်း မွေးမြူရေးဆိုင် ရာနည်းပြအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ပြည်သူ့ပုလဲနှင့်ငါးလုပ်ငန်းကော်ပိုရေးရှင်း၊ သုတေသန ဌာနမှာသုသေနနှင့် ရေလုပ်ငန်းဖွံဖြိုးစမံကိန်းများကိုအကောင်အထည်
ဖေါ်ဆောင်ရွက်ခဲ့ပါတယ်။ကျွန်တော်ရဲ့ပထမဆုံးနိုင်ငံတကာ ပုစွန်မွေးမြူရေးညီလာခံတက် ရောက်ခဲ့မှုအတွေ့အကြုံကတော့ ၁၉၇၈ခုနှစ်မှာအိန္ဒိယနိုင်ငံ ကိုချင်မြိုကမှာကျင်းပခဲ့တဲ့ညီလာခံပါ။ အဲဒီညီလာခံက World Aquaculture Society ကအာရှမှာညီလာခံမကျင်းပနိုင်မီထဲကပြုလုပ်ခဲ့တဲ့ညီလာခံပါ။
Shrimp News: ခင်ဗျားရဲ့အဖြေအရ ပုစွန်မွေးမြူခြင်းကိုမြန်မာနိုင်ငံမှာစတင်လုပ်ကိုင်ခဲ့တာပေါ့။
Nyan Taw: မှန်ပါတယ်။ပုစွန်မွေးမြူရေးစခန်းငယ်အတော်များများကိုသဘာဝသားပေါက်ထည့်သွင်းမွေးမြူခြင်းကိုလုပ်ခဲ့ပါတယ်။၁၉၇၆ ခုနှစ်မှာတော့ ADB (Asian Development Bank) စီမံကိန်းနဲ့ဖိလစ်ပိုင်
နည်းစနစ်နဲ့စမွေးခဲ့ပါတယ်။ဒါပေမဲ့စခန်းရွေးချယ်မှုသိတ်မကောင်ပါဘူး ဒါကြောင့်ထုတ်လုပ်မှုလုံးဝမရရှိခဲ့ပါဘူး။ ၁၉၈၀ခုနှစ်၊ထိုင်းနိုင်ငံဘန်ကောက်မြို့မှာကျင်းပတဲ့ ရေချိုပုစွန်ထုတ်ကြီးမွေးမြူရေးဆိုင်ရာညီလာခံ တက်ရာက်ခဲ့ပြီးအဲဒီမှာ Miihael New နဲ့တွေ့ဆုံခဲ့ပြီးသူ့ရဲ့ကူညီပေးမှုကြောင့်ရေချိုပုစွန်သားဖေါက်ခြင်းလုပ်ငန်းသုတေသနအဆင့်ကိုစတင် နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့နိုင်ငံတော်က ADB စီမံကိန်းနဲ့ငါး၊ရေချိုပုစွန်၊ရေငန်ပုစွန်(Penaeus monodon)မွေးမြူရေးလုပ်ငန်းများဖွံဖြိုး ရေးစီမံကိန်များစတင်ခဲ့ပါတယ်။ Robins McIntosh မြန်မာနိုင်ငံကစတင်ရောက်ခဲ့တဲ့အချိန်ပါ။ မြန်မာအမျိုးသမီးလေးနဲ့
စတွေ့ပြီးလက်ထပ် ခဲ့ပါတယ်။ ၁၉၈၈ခုနှစ်မှာမြန်မာနိုင်ငံအတွင်းမှာနိုင်ငံရေးအကြပ်အတည်းကြုံပြီးတော့ စစ်တပ်ကအာဏာသိမ်းခဲ့ပါတယ်။ ပညာတော်သင်သွားရောက်ပြီး နိုင်ငံအတွက် ၁၀နှစ်တာ နိုင်ငံတာဝန်ထမ်းဆောင်ပြီးတဲ့၊အဲဒီအချိန်ကာလမှာနောက်ဆုံးထွက်တဲ့နိုင်ငံတကာလေကြောင်းခရီးစဉ်နဲ့ အမိနိုင်ငံ က နေထွက်ခွာ ခဲ့ပါတယ်။ကမ္ဘာ့ကုလသမဂ္ဂဖွံဖြိုးရေးစီမံကိန်းတာဝန်ရှိသူများနဲ့ဆက်သွယ်ခဲ့
ပြီးမိမိနိုင်ငံမှအပဘယ်နေရာမှာမဆိုတာဝန်ထမ်း ဆောင်လိုကြောင်းပြောကြားခဲ့ပါတယ်။ဒါဟာ နိုင်ငံထွက်ခွာခဲ့တဲ့အကြောင်းပါဘဲ။ နိုင်ငံပြင်ပမှာကျွန်တော်ပထမဆုံးလုပ်ခဲ့တဲ့အလုပ်ကတော့ အင်ဒိုနီးရှားနိုင်ငံ၊
အရှေ့ဂျားဗားကျွန်းမှာ United Nations Volunteerနဲ့အင်ဒိုနီးရှားနိုင်ငံရဲ့ FAO (Food and Agriculture Organization of the United Nations) shrimp project ပထမဆုံးရေငန်ုပုစွန်မွေးမြူရေးစီမံကိန်းပါ။Backyard hatchery လုပ်ကိုင်ပြီးစီးပွာဖြစ်ရေငန်ပုစွန် သားဖေါက်ခြင်းနဲ့အသားတိုးမွေးခြင်းကိုဒီဒေသမှာဖွံဖြိုးအောင်ဆောင်ရွက်တဲ့FAOစီမံကိန်းပါ။ အင်ဒိုနီးရှားစီမံကိန်းအပြီးမှာတော့ FAO ရဲ့ အကြံပေးနဲ့အတိုင်ပင်ခံပဂ္ဂိုလ်အနေနဲ့ ဗီယက်နမ်နဲ့ဖိလစ်ပိုင်နိုင်ငံတွေမှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၉၅ခုနှစ်မှာ အင်ဒိုနီးရှားနိုင်ငံရဲ့ အကြီးဆုံးပုစွန်မွေးမြူရေး
ကုမ္ပဏီတစ်ခုမှာ ဒါရိုက်တာနဲ့အကြီးတန်းအကြံပေးအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၀၀ဟက်တာရှိတဲ့ပုစွန် မွေးမြူရေးစခန်းနဲ့ သားဖေါက်စခန်းကို တာဝန်ယူဆောင်စီမံဆောင်ရွက်ခဲ့တာပါ။ ၁၉၉၇ခုနှစ်မှာ အာရှစီးပွာရေးအကြပ်အတည်းရိုက်ခတ်မှုကြောင့် အင်ဒိုနီးရှာရဲ့ငွေကြေးဟာကျဆင်းခဲ့ပါတယ်။ဒီဆိုးကျိုးဟာ အမေရိကန်လူမျိုးတွေအပါအဝင်အားလုံးကိုလောင်မြိုက်စေတာပါ။ ဒါပေမဲ့သူတို့ကကျွန်တော်က
ိုဆက်ပြီးရှိနေစေခဲ့ပါတယ်။ ဘာကြောင့် လဲဆိုတော့ကျွန်တော်ကသူတို့အတွက်ဝင်ငွေပြန်လည်ရှာဖွေပေးနိုင်မှာဖြစ်လို့ပါဘဲ။ ဒီစခန်းက ကျွန်တော်ကို နှစ်စဉ်FAO အတိုင်ပင်ခံ လုပ်ငန်းကို ၂လ ကနေ ၄လ အထိလုပ်နိုင်အောင်ခွင့်ပြုခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အင်ဒိုနီးရှားနိုင်ငံဆမ်ဘာဝါကျွန်းမှာရှိတဲ့ ပုစွန်းမွေး စခန်းမှာတာဝန်ယူခဲ့ပါတယ်။ အဲဒီိမှာ whitespot ရောဂါနဲ့ကြုံတွေ့ခဲ့ပါတယ်။ဒီစခန်းကို ၂လကူညီခဲ့ရပြီး၊၂နှစ်ကြာတာဝန်ထမ်းဆောင် ခဲ့ပါတယ်။ အဲဒီစခန်းမှာလုပ်ခဲ့တာနဲ့FAOအတွေ့အကြုံများကြောင့် CP အင်ဒိုနီးရှားမှာအလုပ်ရခဲ့ပါတယ်။ CP ကထွက်ခွာပြီးတဲ့ နောက်မှာတော့ Dipa sena ရဲ့စီမံကိန်းကြီးမှာ အကြီးတန်းဓ ဒု-ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

Information: John Cooksey, World Aquaculture Conference Management, P.O. Box 2302, Valley Center, California 92082, USA (phone 1-760-751-5005, fax 1-760-751-5003, email worldaqua@aol.com, webpage https://www.was.org/Main/Default.asp).

Information: Dr. Nyan Taw, Blue Archipelago Berhad, T3.9, KPMG Tower, 8 First Avenue, Persiaran Bandar Utama, 47800 Petaling Jaya, Selangor, Malaysia (Phone +603-7725-0020, fax 603-7725-2050, email nyan.taw@bluearchipelago.com, webpage http://www.bluearchipelago.com).

Sources: 1. Dr. Nyan Taw. Interview by Bob Rosenberry, Shrimp News International. The World Aquaculture Society Meeting in Las Vegas, Nevada, USA, on March 2, 2012. 2. Dr. Nyan Taw. Interview by Bob Rosenberry, Shrimp News International. Background Information. The World Aquaculture Society Meeting in Veracruz, Mexico, on September 26, 2009.

 

Home      |      About MSA      |      Shrimp and Prawn In Myanmar      |      Doing Business      |      Information      |      News      |      Contact Us

Myanmar Shrimp Association

Address: Com of Bayint Naural Rd. Say War Sat Yone Rd. Insein Township, Yangon, Myanmar.
Tel: +951-683651, 683652, 683653, 683657, 683658, 683662 
Email:
Website: www.myanmarshrimpassociation.com
Copyright 2012~2015 by Myanmar Shrimp Association. Developed by Myanmars.NET, Yangon,
Myanmar.